Friday, 4 October 2013

ကျေးဇူးပဲယေရ




လွဲမှားနေကျွန်ုပ်
အရှင့်ကိုမသိနေလည်း
အရှင်သည်ကျွန်ုပ်ကို
ဖေးမကူညီပေးခဲ့တယ်. . . .

သိကျွမ်းလာသခင်ကို
ဆန္ဒသာရှိ
ဗလာအတိပေမယ့်
သခင်ဖြည့်ဆည်းပေးမြဲပါအရှင်. . .

အနာဂါတ်ကျွန်ုပ်မသိလည်း
ဘဝဟာသခင့်လက်မှာမို့
တွေးမပူပါသခင်
ကျေးဇူးတင်လျှက်ပါအရှင်. . .။


Thursday, 15 August 2013


ဘ၀ရေစီးကြောင်းထဲမှာ
အစာအိမ်ရဲ့ နေ့စဉ်ငိုသံကိုမေ့ထားပြီး
အနာအဆာမဲ့ ခြေလှမ်းနဲ့ လျှောက်လာစဉ်
ပင်လယ်ပြာက
တောင်ပံခတ်ဖို့နေရာတွေအပြည့်-----
ကမ်းခြေမဲ့ ကစားနည်းထဲမှာ
မနားတမ်းလှုပ်ခတ်နေတဲ့ အဖြစ်ဟာ
ချွေးထဲနစ်မျော မီးခဲတပွင့်လို
ဝေဒနာသီးတွေ ရင့်ထော်လာတော့
လုံးပါးပါးခဲ့တဲ့
အချိန်ကာလတွေက ငိုပြီးပေါ့
အနစ်နာမှုမှာ ပျော်ပေမယ့်
အရွယ်ကအနစ်နာ မခံနိုင်တဲ့အခါ
ရင့်ရောနေပြီးဖြစ်တဲ့ တောင်ပံတစုံက
အလွမ်းအထပ်ထပ်နဲ့ ကာလို့
ကမ်းကပ်ဖို့ ပျံသန်းလာခဲ့ရပြီးကွယ်

Friday, 12 July 2013

R.C.C.G.(GLORY HOUSE)ျ









ကောင်းတဲ့အတွေးတွေကိုပဲ အမြဲတမ်းတွေးပေးပါ
ဘာလို့လဲဆိုတော့ သင့်အတွေးတွေဟာ သင့်စကားလုံးတွေ ဖြစ်လာလို့ပဲ

ကောင်းတဲ့စကားလုံးတွေကိုပဲ ရွေးပြောပါ
ဘာလို့လဲဆိုတော့ သင့်စကားလုံးတွေဟာ သင့်အပြုအမူတွေ ဖြစ်လာလို့ပဲ

ကောင်းတဲ့အပြုအမူလေးတွေကိုပဲ လုပ်ပေးပါ
ဘာလို့လဲဆိုတော့ သင့်အပြုအမူတွေဟာ သင့်အကျင့်တွေ ဖြစ်လာလို့ပဲ

ကောင်းတဲ့အကျင့်လေးတွေကို ကျင့်ပေးပါ
ဘာလို့လဲဆိုတော့ သင့်အကျင့်လေးတွေဟာ သင့်တန်ဖိုးဖြစ်လာလို့ပဲ

သင့်တန်ဖိုးကိုအမြဲ မြင့်တင်နေပေးပါ
ဘာလို့လဲဆိုတော့ သင့်တန်ဖိုးဟာ သင့်"ကံကြမ္မာ" ဖြစ်လာလို့ပဲ..။

ဆရာကြီးယုဒသန်

Tuesday, 7 May 2013

လူတယောက်ကိုယ် ချစ်မိမှတော့

လူတယောက်ကိုယ် ချစ်မိမှ
တော့ လွမ်းတဲ့ဒါဏ်ကိုယ်
ခံရမှာပဲ။။။

လူတယောက်ကိုယ် ချစ်မိမှ
တော့ အရူံးဆိုတာကိုယ်လဲ
သူငယ်ချင်းအဖြစ်အသိမှတ်
ပြုလိုက်တော့။။။

လူတယောက်ကိုယ် ချစ်မိမှ
တော့ နားလည်မှုနဲ့ခွင့်လွှတ်
တက်မှုကိုယ်များများဆောင်
ထားပေတော့။။     (၀ဏ)