Tuesday, 7 May 2013

လူတယောက်ကိုယ် ချစ်မိမှတော့

လူတယောက်ကိုယ် ချစ်မိမှ
တော့ လွမ်းတဲ့ဒါဏ်ကိုယ်
ခံရမှာပဲ။။။

လူတယောက်ကိုယ် ချစ်မိမှ
တော့ အရူံးဆိုတာကိုယ်လဲ
သူငယ်ချင်းအဖြစ်အသိမှတ်
ပြုလိုက်တော့။။။

လူတယောက်ကိုယ် ချစ်မိမှ
တော့ နားလည်မှုနဲ့ခွင့်လွှတ်
တက်မှုကိုယ်များများဆောင်
ထားပေတော့။။     (၀ဏ)

Friday, 3 May 2013

ပင်တေကုတ္တေပွဲ


နှစ်စဉ်ပဿခါပွဲ ကျင်းပပြီးရက်ပေါင်း ၅၀ ပြည့်သောနေ့တွင် ဘုရားသခင်ထံ ကောက်သစ်များ ဆက်ကပ်သောပွဲဖြစ်သည်။ “စီဗန်” (Sivan) ခေါ် ဇွန်လအတွင်းကျင်းပလေ့ရှိသည်။ ဓမ္မသစ်ကာလတွင် ဂျူးလူမျိုးတို့သည် ပဿခါပွဲကျင်းပရန် ယေရုရှလင်မြို့သို့ လာရောက်လေ့ရှိကြသည်။ ထိုအချိန်တွင် ယဇ်ပုရောဟိတ်သည် မကြာမီက ရိတ်သိမ်းခဲ့သော ဂျုံစေ့မှ ပြုလုပ်သော ပေါင်မုန့်နှစ်လုံးကိုလှုပ်ရှားပြသည်။ ပြည်သူတစ်ရပ်လုံး ကိုယ်စားပြုသော ကိုယ်လက်အမူအရာ အထိမ်းအမှတ်တစ်ခုဖြစ်သည်။ (၀တ်၊ ၂၃း၁၅-၁၉၊ တရားဟော၊ ၁၆း၉-၁၂၊ တမန်၊ ၂း၁)



အဦးသီးသောကောက်လှိုင်းပူဇော်ပွဲပြီးနောက် ရက်ပေါင်းငါးဆယ်ပြည့်လျှင် ပင်တေကုတ္တေပွဲကျင်းပ
ရလေသည်။ ဤပွဲနှစ်ခုကြားတွင် ရက်သတ္တပတ်ခုနှစ်ပတ်ကြာလေသည်။ ထို့ကြောင့် ခုနှစ်ပတ်ပွဲတော် ဟူ၍လည်းခေါ်သည်။ ပင်တေကုတ္တေပွဲစသည့်အချိန်သည် ဂျုံစတင် ရိတ်သိမ်း ချိန်ဖြစ်သဖြင့် ဘောဇဉ်ပူဇော်သက္ကာဆက်သပွဲဖြစ်၍ အလွန်အရေးကြီးသည်။

ပင်တေကုတ္တေပွဲနေ့တွင် ဂျုံအသစ်ကိုပူဇော်ရသည်။ အဦးရိတ်သိမ်းထားသော ဂျုံစေ့အားဖြင့် ထုတ်လုပ်သည့်ဂျုံကို ပူဇော်ရပြီး၊ ကောက်လှိုင်းချီပူဇော်ပွဲတွင် အသီးအရွက်နှင့် အကိုင်းပါ ပူဇော်ရလေသည်။ ပင်တေကုတ္တေပွဲတွင် နူးညံ့သော တဆေးဖြင့်ဖောင်းကြွသည့် မုန့်ညက်နှစ်လုံးကိုလည်း ပူဇော်ရလေသည်။ ဤအရာသည် အသင်းတော်ထဲ၌လူနှစ်မျိုးဖြစ်သော ဣသရေလလူမျိုးနှင့်တပါးအမျိုးသားပါဝင်ပြီး လုံးဝပြည့်စုံခြင်းမရှိသောကြောင့် တဆေး ထည့်ရခြင်းဖြစ်သည်။ မီးကင်ထားသော နှစ်လုံးနှင့်အတူ အပြစ်အနာဆာကင်းသော သိုးခု
နှစ်ကောင်နှင့်နွားပျိုတစ်ကောင်အပြင် သွန်းလောင်းရာပူဇော်သက္ကာတို့ဖြင့် ထာဝရဘုရားသခင်ထံ မီးဖြင့်ပူဇော်ရလေသည်။

၎င်းအပြင်အပြစ်ဖြေလွတ်ဘို့ရန်ဆိတ်ထီးတစ်ကောင်ကိုလည်းပူဇော်ရလေသည်။ ဤအရာများသည်
ထာဝရဘုရားသခင်အတွက် မွှေးကြိုင်ရနံ့ပူဇော်ခြင်းဖြစ်လေသည်။

ပင်တေကုတ္တေပွဲ၏ပုံသက်သေမှာတမန်တော်များအချိန်၌ပြည့်စုံခဲ့လေပြီ။ ရှင်ပေါလုက ကျွန်ုပ်တို့ သည် ၀ိညာဉ်တော်တပါးထဲ၌နှစ်ခြင်းခံရသဖြင့် တကိုယ်တည်းဖြစ် လာခဲ့ရလေပြီဟုမိန့်ဆိုခဲ့သည်။ (၁ကော ၁၂း၁၃)

ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် တမန်တော်များအပေါ်ကြွဆင်းလာခဲ့၍ အသင်းတော်စတင်ဖြစ်ပေါ်လာခဲ့လေသည်။ ပင်တေကုတ္တေပွဲနှင့် တံပိုးမှုတ်ပွဲ သည် လေးလခြားနေ သည်။ ဤလေးလသည် ဣသရေလလူမျိုးများစပျစ်သီးရိတ်သိမ်းသည့်ကာလဖြစ်သဖြင့် ဓမ္မသဘင်များ မရှိချေ။ မအားလပ်သည့်အချိန်အခါဖြစ်သည်။ ဤမျှလောက်အချိန်ကြာညောင်းခြင်း၊ အချိန်ဆွဲခြင်းသည် ၀ိညာဉ်တော်ဘုရားက အသင်းတော်တည်ထောင်ဘို့အတွက် ဖြစ်လေသည်။

၎င်းအပြင်ဣသရေလ(ဂျုး)လူမျိုးများပျံ့နှံ့သွားခြင်းကို ပုံဆောင်ပေသည်။ ကျေးဇူးတော် အားဖြင့်ရွေးကောက်ခြင်း ခံလျက်၊ ကျန်ကြွင်းသောသူတို့လည်း ရှိသေးသည်။ (ရော၁၁း၂၅) ကျေးဇူးတော်ကာလ ကုန်ဆုံးလျှင် ဣသရေလလူမျိုးများ အရပ်လေးမျက်နှာ စုစည်းလာပြီး ပါလက်စတိုင်းတွင် တံပိုးမှုတ်ပွဲကျင်းပလာကြလိမ့်မည်။ (မ ၂၄း၃၁)



ဒဏ်ရာ..................


သစ္စာအိမ်လေး


အချစ်ဆိုတာ.


ငါလည်လူပဲလေ